Tuesday, October 15, 2013
ဟဲ့ ချက်ကြီး ငါ့သားတော် အိမ်ထောင်ကျ ကိန်းမမြင်ဘူး ဟဲ့ ။ ဟိုက် ဘာဖြစ်လို့လဲ အမေရယ် သားတော်မောင်ကို ကူညီပါနော် ။ ချက်ကြီး မျက်နှာ ငယ်လေး ။ သူကလည်း လိုချင်နေတာ အောက်တစ်ပိုင်းသေနေပီ ။ မရလို့သာ ။ ဒေါ်ခင်တုတ် ဘယ်နေပမလဲ ။ သူလည်းမြေးချီချင်နေပီလေ။ အမေရယ် မပါအုန်း ။ သားတော်လေး မိန်းမရအောင်ဘယ်လို လုပ်ပမလဲ။ နတ်ကတော်ကလဲ ဘယ်ရမလဲ သူဂွင်ထဲ ရောက်လာပီလေ ။ မတုန် တုန်အောင် တစ်ကိုယ်လုံးကို တုန်ပီး အထက်စိးကနေပြောလိုက်တာ ချက်ကြီးရစရာ မရှိ ။ ရွာလည်လမ်း ပုဆိုး ဂွင်းလုံကျွတ်နဲ့ ချက်ကြီး မူးတာကအစ နတ်မကြိုက်ကြောင်း ။ ချက်ကြီးမူးလာရင် ပေါက်တတ်ကရ ချက်ကျိုးဖြတ်မယ် ဆိုတာကအစ အကုန်ပါ ။ ဘာတွေမှန်းမသိ ။ ချက်ကြီးကတော့ မိန်းမရမလား ဆိုတဲ့အသိနဲ့ မျက်နှာငယ်လေးနဲက ပေါ့။ နေသာသာ နေ့တစ်နေ့ ချက်ကြီး လတ်ထဲ ပန်းတွေနဲ့ အပြည့် ။ နတ်ပေးတဲ့ ယတရာ မိန်းမရမလားလို့ လာရောက် ယတရခေပန်းကပ်ချင်းပါ ။ စိတ်ထဲကတော့ သိပ်မကြည်။ ဒေါ်ခင်တုတ် အတင်းနိုးလွှတ်လိုက်လို့ သာထလာတာ ။ ချက်ကြီးက ဒီအချိန်ဆို အိပ်လို့ ကောင်းတုန်း ။ ဘုရားလည်းအလာနည်းတော့ ဘယ်ထောင့်က သူ့မွေးနံထောင့် မှန်းမသိ ။ လတ်ထဲမှာလည်း ကဇွန်းညွန့် ဘူးညွန့် ဖုရုံညွန့် တွေက ပါလာတော့ နဲနဲတော့ ရှက်မိတာပေါ့ ။ အရက်သမား နဲ့ ဒါတွေနဲ့ ကလုံးဝမလိုက် ဖက် ။ မြင်သူတိုင်း ချက်ကြီးကို ကြည့်ပီး ထူးဆန်းနေကြပါပီ ။ ချက်ဆိုတော့ ခကွေး ။ ခကွေးဆိုတော့ ခွေး ။ ခွေးဆိုတာက ကြာသာပတေးနံ ဘာတွေမှန်းမသိ ပါးစပ်ကရွတ်ရင်းမွေး နံထောင့်ရျာနေချင်းပါ ။ ဟော တွေ့ ပါပီ ။ တနင်္လာ ထောင့် ။ ဟုတ် ဟုတ် မဟုတ်ဟုတ်ကပ်ခဲ့ တာကောင်းပါတယ် ။ ဘုရားကို ဦးခိုက်ပီး ကုန်းကုန်း ကုန်းကုန်း နဲ့ ပန်းကပ်မယ်ပြင်တုန်း ။ အမလေး ။ တော် လူကိုမမြင်ဘူး လား ။ ဟာ ။ ဟုတ်ကဲ့ ကျွန်တော် နဲနဲ ကန်းသွားလို့ပါ ။ ဟာ ရှန်းသွားလို့ပါ ခင်ဗျ ။ အမလေးတော် ရုပ်ကိုယ်က စမူစာ ကုလားကျော်ထားတဲ့ရုပ် ။ ဒူးရင်းသီးရုပ်နဲ့ ဒီက ခံရတဲ့သူကို ကိုယ်ချင်းစာကြည့်ပါအုန်း ။ ဟော ဗျာ ။ တောင်းပန်နေကာမှ ကတ်ကတ်လန်ရန်တွေ့နေသော မိန်းကလေး ။ သူ့ကိုယ်သူ လှတယ်မှတ်နေလားမသိ ။ မဲ့ကာ ရွဲ့ ကာ ရန်တွေ့ နေလိုက်တာ တော်တော်အကြည့်ရစိုးတဲ့ ရုပ် ။ ၀တ် ထားတဲ့ ၀မ်းဆတ်က စတော်ဘယ်ရီရောင် ။ အ၀တ်နဲ့ တောင်မလိုက် မဲလိုက်တဲ့အသား ပြာကော့လို့ ။ ဆိုးထားတဲ့ နှစ်ခမ်းနီ က အမဲ ။ အမလေး ဗျာ ။ ချက်ကြီးလိုကောင်မျိုးက တစ်ချက်ထဲ ရှိတာ ။ စိန်ခေါ်ရင် ခွေးတောင် ဖက်ကိုက်တဲ့ကောင်မျိုးကွ ။ ဟားဟား ဟား ။ ချက်ကြီးသူ့အတွေးနဲ့ သူသဘောကျပီး ထရယ်တာပေါ ။ ဒီမှာ သူများကိုတိုက်ပီး ရယ်နိုင်တယ်ပေါ့ ။ လာလာ ဒီမှာထိုင် ။ ထိုင်လေ။ ချက်ကြီးရောင်ပီး ထိုင်တာပေါ့ ။ ရလားမိန်းကလေး ။ဒါမျိုးလေးဆို အစင်ပြေလား ။ ရပီ ရပီ ။ အင်းဟာ ။ ချက်ကြီး တုန်းကနဲပစ်လဲသွားတာပေါ့ ။ သူဝင်တိုက်မိတာ အဲလောက်မဆိုး ။ ဒီမှာမိန်းကလေး မင်းနဲနဲ များသွားပီ ။ မင်းငါတိုက် မိတုန်းက လူမလဲဘူးလေဟာ ။ နင်ပြန်ခံ ။ ဘာလို့ခံ ရမလဲ ။ ယောက်ျား အားနဲ့ မိန်းကလေးအား ရှင်ကိုယ်ချင်းစာကြည့်လေ ။ မွေးနေ့ မှာ ဂျိုးဆိုးဝင်ပါပီတော် ။ ကောင်မလေးက နဲနဲမှ ဆပ်ဆပ်ထိ မခံ ။ ချက်ကြီး ပါးစပ်အဟောင်းသား ။ လတ်ဟန်ခြေဟန်တွေနဲ့ ရန်တွေ့ နေတာကိုး ။ ချက်ကြီးရှင်မပြောနိုင် ။ စောင့်စောင့်ထိုင် ပီး ပြောချင်တာပြောဆိုပီး နားထောင်နေတာကိုး ။ ဘာတွေမှန်းမသိ ပြောလိုက်တာ ချက်ကြီးရစရာမရှိ ။ ဟဲ့ မိစွာ ဘာဖြစ်ပြန်ပီလဲ ။ နင်ကဖြစ်လိုက်ရင် အရာရာနဲ့ အကြောင်းကြောင်း ကို့အဖေလောက် ရှိတဲ့သူကိုမပြောရဘူးလေ ။ အသက်ခက်ကြီးကြီး အန်တီကြီးအသံ ။ ချက်ကြီး မျက်လုံးပြူးတာပေါ့ ။ ကောင်မလေး ရန်တွေ့တာ ချက်ကြီးအသတ်မပါ ။ခုတော့ ချက်ကြီးအသတ် ကိုရန်စပါပီ ။ ကဲကြားလို့မှကောင်းသေးရဲ့  လား ။ ဒီသားမိနှစ်ယောက် ချက်ကြီးကရန်စနေပါပီ ။ ချက်ကြီးပြမှ ဖြစ်တော့မယ် ။ ချက်ကြီးရဲ့ ဒေါသတွေ ။ ဒီမှာ အန်တီ ခင်ဗျားတို့ နှစ်ယာက်ဆိုပီး ကျုပ်ကို အနိုင်မကျင့်ပါနဲ့ ။ သတ်တိ ရှိတစ်ရောက် တန်း ။ ချက်ကြီးတို့ကနေရာမရွေးဘူး ကွ။ ဟားဟားဟား ။ ဘာတွေမျန်းမသိ ချက်ကြီး ရန်တွေ့နေချင်းပါ ။ ဟဲ့ သေနာကောင် မိစွာတို့ အမေက မိစွာထက် နျစ်စလောက်စွာတယ်ဟဲ့ ။ မိစွာ တစ်စွာထဲရျတယ် ။ အဖွားကြီးက လဲမခေ ။ ချက်ကြီးကို စိန်ခေါ်နေပါပီ ။ မိစွာ မစွာ နိုင်တော့ ။ အမေရယ် ဒီလူကြီးက အရူးကြီးလားမသိပါ ဘူး ။ အမေ့လာ ပါ ။ အဖွားကြီးက စွဲသူရှိ့တော့ အော်ပါပီ ။ ခုနှစ်အိမ်ကြား ရျစ်အိမ်ကြားအသံ ။ လော်စပိကာ မလိုတဲ့ အသံ ။ နာမည်နှင့်လိုက်ပါပေ ။ ချက်ကြီး ဂျိုဆိုး ၀င်ချင်းပါ ။ နတ်ကတော် ပေးတဲ့ ယတရာတောင်မချေနိုင်တော့ ။ ဖင်ပိတ်ပီး ပြန်ခဲ့ရတာ ကိုး ။ ဒီနေ့ ချက်ကြီး ကံဆိုးပါတယ် ။ အမေရေသားအဖြစ်ကို လာကြည့်လှဲ့ ပါအုန်း ဗျာ ။
Subscribe to:
Post Comments (Atom)
No comments:
Post a Comment