Monday, October 28, 2013

စစ် တွေဖြစ်နေတုန်းပါပဲ ။ ဘာကြောင့် အမုန်းပွားတိုက်ခိုက်နေကြတာ လဲ ။ ဘာကြောင့် အငြိုးတွေ မရပ်သေးကြတာလဲ ။ စစ် တွေရပ်ကြပါတော့ ဗျာ ။ ရောမခေတ် မဟုတ်မဟုတ်တော့ပါဘူး ။ တိုက်ခိုက်နေစရာ မြေလုနေစရာ နေရာလုနေစရာ မလိုတော့ပါဘူး ။ ကျုပ်တို့  နေရလည်း အသက် ( ၈၀ ) ( ၁၀၀ ) ပေါ့ ဗျာ ။ ခင်ဗျား တို့  နေရလည်း အသက် ( ၈၀ ) ( ၁၀၀) ပေါ့ ။ ပြည်သူဆိုတာ ဘယ်တော့ မှ မသေပါဘူး ။ စစ်တွေ ဖြစ်နေတဲ့ နိုင်ငံ တိုင်းမှာလည်း ပြည်သူဆိုတာ ရှိ့ ပါတယ် ။ ကြားက လတ်နပ်မဲ့ ပြည်သူ ။ ခင် ဗျားတို့  အင်အားချင်း လတ်နပ်ချင်း တိုက်ခိုက်နေတဲ့ ကြားက ပြည်သူ က တစ်စာခံ ။ ကျုပ်တို့  နိုင်ငံ ကချင်ပြည်နယ် မှာလည်း စစ်ဘေးသင့် ပြည်သူတွေ မနည်းပါဘူး ။ ပြည်သူတွေ ဗျာ ။ ပြည်သူတွေ ဗျ ။ ဘယ်လောက်အနေဆင်းရဲ ကြမလဲ ။ အစား ဆင်းရဲကြမလည်း ။ အစိုးဆုံးက ကလေးတွေ ပညာရေးနဲ့  ကျမ်းမာရေး ။ ဗျ ။ ခင် ဗျားတို့  ကျုပ်တို့  ရဲ့  မျိုးဆက်သစ် မြန်မာလူမျိုး တိုင်းရင်းသားလေးတွေ ။ ဘယ်လောက်ဆိုး လိုက်လဲ ဗျာ ။ ကျုပ်တို့  မသိမတတ် တိုးတတ်အောင်မလုပ်နိုင်ခဲ့ပေမယ် သူတို့  လေးတွေတိုင်းပြည်တိုးတတ်အောင် လုပ်နိုင်မဲ့ အနာဂါတ် မျိုးဆက်သစ်တွေ ဗျာ ။ တွေး မိတိုင်းရင်နာ ဘို့  ကောင်းပါတယ် ။ ရန်ငွေ့ တွေဖုန်းလွှမ်း ပီးညဘက် အိပ်ကောင်းချင်းမအိပ်ရ တဲ့ ဘ၀တွေဘယ်သူက နေချင်မှာလည်း ဗျာ ။ ဆုံးရှုံး သွားတဲ့ မိဘတွေ သားသမီးတွေ ဘ၀တွေ လာနဲ မှလည်းလို့  မရပါဘူး ။ ခင်ဗျားတို့  ( IGO ) အဖွဲ့  တွေ လှူစာတန်းစာ စားနေရတာ အားနာ လှပါပီ ။ ရန်းငွေ့ တွေ မရှိ့ တဲ့ ကျုပ်တို့  နေရပ်ပြန်ချင်ကြပါပီ ဗျာ ။ ကျုပ်တို့  ရဲ့  ခေါင်းချရာ ကျုပ်တို့  အဘိုး အဖွားတွေ ခေါင်းချရာ ကျုပ်တိုရွာလေးက မျှော်နေရောပေါ့ ။ ရန်းငွေ့  တွေကြား သေနပ်သံတွေကြားမှာ ကျုပ်တို့  ရွာလေး အားငယ်နေရောပေါ့ ။ ကျုပ်တို့  စိုက်ပျိုးခဲ့ တဲ့ တောင်ယာတွေ စပါးခင်းတွေ တောငှက်တွေ သောင်းကျမ်းနေရောပေါ့ ။ ကျုပ်တို့  ကိုးကွယ်တဲ့ ကျုပ်တို့  ရိုးယာပွဲ တွေ မလုပ်ရတာကြာပေါ့ ။ ကျုပ်တို့  ရိုးယာ ခေါင်ရေ သောက်ချင် လိုက်ပါဘိ ။ ကျုပ်တို့  ရဲ့  အနာဂါတ်က ဘာလဲ ။ ရန်းငွေ့  တွေနဲ့  ဘုန်းတွေ ကြားက ပြေးလွှားနေရမဲ့ အနာဂါတ်လား ။ ကျုပ်တို့  ဘ၀တွေက မထူးတောပေမဲ့ ကျုပ်တို့  မျိုးဆက်အနာဂါတ်တွေ ရှိ့  ကြပါတယ် ။ ကြည့်ကြပါ ဗျာ ။ ဘယ်လောက် အားငယ်နေကြလည်း ။ အားငယ်နေတဲ့ မျက်လုံးတွေ သူတို့  အနာဂါတ်က ဘာလဲ ဗျာ ။ ဆရာဝန် ဖြစ်ချင်သူ စစ်ဗိုလ် ကြီး ဖြစ်ချင်သူ စာရေးဆရာဖြစ်ချင်သူ တေးရေးဆရာဖြစ်ချင်သူ အင်ဂျင်နီယာ ဖြစ်ချင်သူ နိုင်ငံခေါင်းဆောင်ဖြစ်ချင်သူတွေ အများကြီး ပါ ။ သူတို့  ရဲ့  အားငယ်နေတဲ့ စိတ်တွေ ကိုမြှင့်တင်ပေးကြ ပါဗျာ ။ ပြောက်ကွယ်လုလု သူတို့ ရဲ့  အနာဂါတ်တွေ ခင်ဗျားတို့  လတ်ထဲမှာ အများကြီးပါ ။ ခင်ဗျား တို့  သားသမီးတွေတင် တိုင်းပြည်ရဲ့  အနာဂါတ်မဟုတ်ဘူး ဗျ ။ ခင်ဗျားတို့  သား သမီး တွေတင် ဆရာဝင် စစ်ဗိုလ် ကြီးတွေ ဖြစ်ချင်တာ မဟုတ်ဘူး ဗျ ။ သူတို့ လေးတွေလည်း ပြည်သူ တိုင်းရင်းသား လူတွေပါပဲ ။ သူတို့  ရဲ့  လူ့ အခွင့်အရေးတွေ ဘယ်လောက်ဆုံးရှုံးနေလည်း ။ သူတို့ ရဲ့  ဘ၀တွေကိုယ် စစ်ဘေးသင့် စခန်းမှာပဲ စတေးကြရတော့ မှာလား ။ ငြိမ်း ချမ်းရေး ညိုနိုင်း လိုက်တဲ့ ငြိမ်းချမ်းရေး အစိုးရအသစ်တတ်တိုင်း ညို့ နိုင်းနေတဲ့ ငြိမ်းချမ်းရေး ။ ဆောင်ပုဒ် ချမှတ်လိုက်တဲ့ ဆောင်ပုဒ် ။ စကားပုံ ပေါများလိုက်တဲ့ စကားပုံ ။ ဆိုင်းဘုတ် ပေါများလိုက်တဲ့ ဆောင်ပုဒ် နဲ့  ဆိုင်းဘုတ် ခင် ဗျားတို့  လတ်တွေ့  လုပ်ခဲ့ရင် ကျုပ်တို့  တိုင်းပြည် ငြိမ်းချမ်းတာ ကြာပီ တိုးတတ်တာ ကြာပါပီ ။ ခင် ဗျား တို့ မိသားစုတင် လုံချုံနေရုံ နဲ့ နွေးထွေးနေယုံ မပီးပါဘူး ။ သန်း ( ၆၀ ) သော ပြည်သူ မိသားစုတွေ အများကြီး ။ ခင်ဗျား တို့  လို နေချင်ကြတာပေါ့ ။ လုံလုံ ချုံချုံ နွေးထွေး တဲ့ မိသားစုဘ၀ ။ ခုတော့ ဗျာ ။ ကျုပ်တို့  ဘ၀တွေ ပြည်သူတွေရဲ့  ဘ၀ တွေ ခင်ဗျား တို့  စေရာ သွား ခိုင်းတာလုပ် ခင်း ဗျား တို့  ချုပ်နောင်တာ ခံ နေရဲ့  တဲ့ ဘ၀ ။ ဘယ်မှာ လည်း ကျုပ်တို့  ပြည်သူအခွင့် အရေး ။ ဘယ်မှာ လည်း ကျုပ်တို့  အနာတွေ ရဲ့  ဘ၀ရပ်တည်မှု့  ။ တိုးတတ် ချင်ပါပီ ။ နိမ့်ကျလှ တဲ့ ကျုပ်တို့  ဘ၀ တွေ တိုးတတ်ဘို့  တိုင်းတစ်ပါးမှာ အလုပ်လုပ်ရင်း စတေးရမှာလား ဗျာ ။ ရေမြေတောတောင် သဘာဝသယံဇာတ ကျွန်းသစ် ပြည်တွင်းဖြစ်စပါး ရေမြေချေင်းငယ် မြစ်အင်း ပေါကြွယ်ဝတဲ့ ကျုပ်တို့  နိုင်ငံလေး ကျုပ်တို့  လည်း ချစ်တာပေါ့ ဗျာ ။ ကျုပ်တို့  ဘိုးဖွား တွေ ထားခဲ့တဲ့ ကျုပ်တို့  အမွေတွေ ကျုပ်တို့  ဆောက်ရှောက် မြတ်နိုး ချင်တာပေါ့ ။ ကျုပ်တို့  မျိုးဆက်သစ် အနာဂါတ်တွေ လည်း တိုင်းပြည်တိုးတတ်ရာ တစ်ဖက်တစ်လှမ်းက ပါချင်ကြမှာပါ ။ ကျုပ်တို့  ဘ၀တွေ စစ်ဘေးသင့် စခန်းမှာ ကုန်ဆုံးရတော့ မှာလား ။ ကျုပ်တို့  ဘ၀ကဘာ လဲ ။ သူတို့  လေးတွေအနာဂါတ်က ဘာလည်း ။ ငြိမ်းချမ်းပါတော့ ဗျာ ။ ဘာကြောင့် တိုက်ခိုက်နေကြရမှာ လည်းဗျာ ။ ကျုပ်တို့  ခင်ဗျားတို့  နေရ အသက် ( ၈၀ / ၁၀၀) ပေါ့ ။ ဘာကြောင့် တိုက်ခိုက်နေရမှာလည်း ။ ဘယ်တော့ မျ မသေတာ ပြည်သူ ။ ပြည်သူတွေပါ ဗျာ ။ မြန်မာပြည် အမြန်ငြိမ်း ချမ်းပါစေ ။ ရန်းငွေ့  တွေ့  မီးလောင်ငုတ်တွေ မမြင်ချင်တော့ ပါဘူး ဗျာ ။ မြန်မာပြည် အမြန်ငြိမ်းချမ်း တိုးတတ်ပါစေ ဗျာ ။

No comments:

Post a Comment