Thursday, October 3, 2013

မိဘတွေအကြောင်း ပြောပြမယ် ဗျာ ။ လူတိုင်းမှာ မိဘတွေ ကိုယ်စီရှိကြပါတယ် ။ မိဘတိုင်းက သားသမီးတိုင်းကိုယ်ချစ်ကြမှာပါ ။ သားသမီးတိုင်းကလည်း မိဘတိုင်းကို ချစ်တော့ချစ်ကြမှာပါ ။ ပြောပြရင်တော့ ဇတ်လမ်းတွေက အများကြီး ။ ဘာကြောင့်လဲ ဆိုရင် ရင်နင့်ဖွယ် ဇတ်လမ်းတွေက အများကြီး ။ဘာ့ကြောင့်လဲ ဆိုရင်ခောတ်စနစ်ကတိုးတတ်လာနဲ့ အမျှ ဆေးဝါးတွေမှီဝဲ လာတဲ့ လူငယ်တွေအများကြီး ။သိပ်ကြောက်စရာကောင်းလာတယ် ။မိဘကိုယ်စိတ်ရိုင်းဝင်ပီး သတ်တဲ့သားသမီးတွေလဲ မှု့ ခင်းတွေမှာများလာတယ် ။ ကို့သမီးကိုယ် မဒိန်းကျင့်တဲ့ အဖေတွေလဲ ရင်နင့်ဖွယ်တွေလာပြန်ရော ။ ကဲ ဘယ်လိုလုပ်ကြမလဲ ခောတ်စနစ်က ကြောက်ဘို့ကောင်းလာတယ် ဗျ ။ အားလုံးကမူးရစ်ဆေးကြောင့် မှားကြတဲ့ အမှားတွေ ။ မူးရစ်ဆေးကြောင့် လဲ စွတ်ဆွဲလို့ရပေမယ့် ပညာမတတ်တာကြောင့် လဲ လုပ်ချင်ရာလုပ်မိနေကြတာ ။ လူစိတ်ပြောက်သွားတာ ပညာမတတ်တာ လဲပါ တယ်။ ပညာတတ်ပီး ဒီလိုဖြစ်တဲ့ ဇတ်လမ်းတွေလဲရှိပြန်ရော ။ ဘာကြောင့် အလိုဖြစ်နေကြတယ်ဆို ရင် မိဘနဲ့ သားသမီး နွေးထွေးမှူ့ မရှိ့ လို့ပါ ။ တွေ့ဖူးကြမှာပါ မိဘတွေ သားသမီးတွေထား ပီးနောက်မိန်းမ ယူသွားကြတာတွေ လင်နောက်လိုက်သွားတာတွေ အများကြီး ဗျ ။ သားသမီးတွေ ခံစားချက်ကိုယ်လဲ မိဘတွေနားလည်မှာပါ ။ အထီးကျန်တဲ့ သားသမီးတွေ ရှိ့သလို ပြည့်စုံတဲ့ သားသမီးတွေရှိကြပါတယ်။ ထားပါ ဘ၀တွေပဲ ။ ဖြစ်ချင်တိုင်း လုပ်ချင်တိုင်းတော့ မပြည်စုံကြပါဘူး ။ သေချာတာက သားသမီးတိုင်းကို မိဘတိုင်းကနားဝင်အောင်စုံးမ နိုင်မှသာ လိမ်မာယျဉ်ကျေးမှာ ပါ ။ အိမ်ထောင်ကျ ပီးသွားရင်လဲ နွေးထွေးမှု့ ကင်းမဲ့ သွားတတ်ပါတယ်။ မိဘတိုင်း သားသမီးအပေါ်ဘယ်လောက်ချစ်ချစ် ကို့သားသမီးရဲ မိန်းမနဲ့ ရှင်ရင်အထီးကျန်သွားတတ်ပါတယ် ။ မိဘနေရာရောက်မှ သားသမီးတိုင်းကနားလည်ကြတာလဲ သဘာဝပါ ။ အမေသေမှ မိဘတ တဲ့ သားဆိုး သမီးဆိုးတွေလဲ မနဲပါဘူး ။ ကြင်နာမှု့ကင်းမဲ့ တဲ့မိဘကြပြန်တော့ လဲ သားသမီးအပေါ်ကြင်နာကောင်းမှန်းမသိ ပျှော်ပါးနေတဲ့ မိဘတွေလဲရှိကြပြန်ရော။ လောကကြီးက အကောင်းနဲ့ အဆိုးဒွန်တွဲ နေပြန်ရော ။ အားလုံးကို လေ့လာကြည့်ရင် ပညာကြောင့်ပါ ။ပညာမတတ်တော့ လုပ်သင့်မလုပ်သင့်ကို မဝေခွဲ နိုင်တော့ပါဘူး ။ ပညာတတ်လွန်းတော့ အပျှော်လွန်တော့ လဲ ပြသနာက ရှိ့လာပြန်ရော ။ ဘယ်လိုပြောရ ပမလဲ ။ လောကကြီးက အရမ်းပရိရယ်များလှပါတယ် ။ လိုက်မမှီဥဏ်မမှီလောက်အောင်လဲ ရုပ်မာကြပါတယ်။ အကောင်းဆုံးက ကောင်းအောင်နေတာ အမှားနဲမှာပါ။ လူတိုင်းကအမှား တွေအများကြီးကြုံ ဘူးမှာပါ ။ ကို့အမှားကိုပြင်နိုင်ရင် လောကကြီးကသာယာမှာပါ ။ မိဘနဲ့ သားသမီး ကြင်နာနွေးထွေး ကြ ရင် သားဆိုးတွေမရှိ့သလို မိဘတွေလဲ အချစ်သစ်ရှာမှာ မဟုတ်ပါဘူး ။ ဘ၀ကိုပျှော်ပျှော်ရွှင်နေချင်ကြရင် ငါးပါးသီလ စောင့်တိမ်းကြရင် လူတိုင်းဘ၀တွေ သာယာမယ်လို့ယုံကြည်ပါတယ် ဗျာ ။

No comments:

Post a Comment